အာရှအမေရိကန်နှင့်ပစိဖိတ်ကျွန်းသားလူ့အဖွဲ့အစည်းအတွက် JOE BIDEN၏လုပ်ငန်းစဉ်မှကောက်နုတ်ချက်များ

အာရှအမေရိကန်နှင့်ပစိဖိတ်ကျွန်းသား(AAPI)လူ့အဖွဲ့အစည်းသည်အမေရိကန်ဇာတ်ကြောင်း၏အဓိကအခန်းကဏ္ဍတစ်ခုဖြစ်ကြောင်းကို ဒုတိယသမ္မတ Joe Biden က သိရှိနေသည်။ ယဉ်ကျေးမှုတိုင်းနှင့်နိုင်ငံတိုင်းဆီမှ အလုပ်ကြိုးစားသူများကို ခေါ်ယူနိုင်သည့် ကျွန်ုပ်တို့၏လုပ်နိုင်စွမ်းကြောင့် အမြဲပင် ကျွန်ုပ်တို့ကို ခွန်အားပိုကြီးစေသည်။ Joe သည် ဒုသမ္မတနှင့်အထက်လွှတ်တော်အမတ်အဖြစ်AAPIအတွက်လေးနက်၍တိုးတက်ပြောင်းလဲရေးအတွေးအမြင်များကိုသေချာခိုင်မာသောရလဒ်များအဖြစ်ပြောင်းလဲစေခဲ့သည်။ သမ္မတ Obama နှင့် ဒုသမ္မတ Biden တို့မရှိတော့သည့်အချိန်တွင် ဒုသမ္မတအဖြစ် Joe သည် AAPI နှစ်သန်းအပါအဝင် နောက်ထပ်လူပေါင်း သန်း 20 ထံသို့ ကျန်းမာရေးအာမခံပေးမည့် တတ်နိုင်စွမ်းသောကုသစောင့်ရှောက်မှုဆိုင်ရာအက်ဥပဒေကို ခွင့်ပြုချက်ရနိုင်ရေး သမ္မတ Obama နှင့် ရင်ပေါင်တန်း၍ရပ်တည်ခဲ့သည်။ Obama-Biden အစိုးရသည်လည်း ဖက်ဒရယ်ပရိုဂရမ်များ၊ အေဂျင်စီများကြားပူးပေါင်းဆောင်ရွက်မှုမှတဆင့် အမေရိကန်ပြည်ထောင်စုအတွင်း AAPI များ၏ဘဝများတိုးတက်စေရန်နှင့် AAPI ပါဝင်သူများထံ ရောက်ရှိနိုင်ရန် အာရှအမေရိကန်နှင့်ပစိဖိတ်ကျွန်းသားများဆိုင်ရာ အိမ်ဖြူတော်အစီအစဉ်သစ်တစ်ခုကို ပြန်လည်တည်ဆောက်ခဲ့သည်။ ထို့ပြင် Joe သည် ကျွန်ုပ်တို့၏ဖိလစ်ပိုင်-အမေရိကန်ဒုတိယကမ္ဘာစစ်မှုထမ်းဟောင်းများအတွက် ကာလတာရှည်စောင့်ဆိုင်းခဲ့ရသော နစ်နာကြေးများ အဆုံးတွင်ပေးအပ်နိုင်ရန် မဲဆန္ဒများခိုင်မာစေခဲ့သည်။ကျွန်ုပ်တို့သည် အမေရိက၏အသည်းနှလုံးအတွက် တိုက်ပွဲဝင်နေကြောင်းကို Joe ကသိရှိသည်။ ကျွန်ုပ်တို့နိုင်ငံသည် အမုန်းတရားနှင့် တရားမမျှတမှုတို့ကို တိုက်ခိုက်ရန် ကွဲလွဲနေသည်ထက် အိမ်ဖြုူတော်အတွင်း စည်းလုံးသည့်အင်အားနှင့် ကျင့်ဝတ်စောင့်သိသောခေါင်းဆောင်မှုကို လိုအပ်သည်။ Joe သည် AAPI လူ့အဖွဲ့အစည်း၏အဖွဲ့ဝင်တိုင်းကို လူမျိုး သို့မဟုတ် တိုင်းရင်းသားဖြစ်တည်မှုကို ထည့်မတွက်ဘဲ ဂုဏ်သိက္ခာရှိရှိဆက်ဆံကြောင်းနှင့် အမေရိကန်အိပ်မက်တွင် တရားမျှတသည့် ကြိုးပမ်းချက်ရှိကြောင်းကို သေချာစေရန် သူ၏တစ်သက်တာကတိကိုသမ္မတအဖြစ်နှင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ သူသည် -

 

 

COVID-19 အတွက် ဆုံးဖြတ်ချက်ခိုင်မာသော အများပြည်သူကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာတုံ့ပြန်မှုကိုလုပ်ဆောင်သည်။ ကျွန်ုပ်တို့သည် AAPI လုပ်သားများ၊ မိသားစုများနှင့် အသေးစားလုပ်ငန်းများသို့ စစ်မှန်သည့်ယုံကြည်မှုပေးနိုင်ပြီး စီးပွားရေးတစ်ခုလုံးကိုကာကွယ်ပေးနိုင်သော ခိုင်မာသည့်စီးပွားရေးဆိုင်ရာတုံ့ပြန်မှုအပြင် လိုအပ်နေသူများကို ကုသမှုပေးနိုင်ရန်နှင့် COVID-19 ပျံ့နှံ့မှုကိုတားဆီးရန် ဆုံးဖြတ်ချက်ခိုင်မာသော အများပြည်သူကျန်းမာရေးဆိုင်ရာတုံ့ပြန်မှုကို လိုအပ်သည်။ Joe သည် စစ်ဆေးမှုများအရှိန်မြှင့်လုပ်ဆောင်ခြင်း၊ စစ်ဆေးမှု၊ ကုသမှုနှင့်COVID-19အတွက်မည်သည့်ကာကွယ်ဆေးမဆို အာမခံ သို့မဟုတ် နေထိုင်မှုအနေအထားကိုထည့်မတွက်ဘဲ လူတိုင်းအတွက် အခမဲ့ဖြစ်ကြောင်းသေချာစေခြင်း၊ ကွာဟချက်များကို ကျွန်ုပ်တို့သိရှိ၊ဖြေရှင်းပေးနိုင်ရန်လူမျိုးရေး၊လိင်အမျိုးအစားနှင့်တိုင်းရင်းသားဆိုင်ရာအချက်အလက်များကိုစုဆောင်းခြင်း နှင့် အာမခံလိုအပ်သောAAPI များ ရရှိနိုင်စေရန် Obamacare လျှောက်ထားမှုကာလအသစ် ဖွင့်လှစ်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခွင့် သေချာစေလိမ့်မည်။ 

သူသည် AAPI လုပ်သားများအား ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေလျော့နည်းစေရန်လိုအပ်သည့် အကာအကွယ်အသုံးအဆောင်များပေးခြင်း၊ AAPI လုပ်သားများအားလုံး ရှေ့တန်းတွင် ဘေးကင်းစေရန်နှင့် ၎င်းတို့၏နိုင်ငံသားအခွင့်အရေးများကိုကာကွယ်ထားရှိကြောင်းသေချာစေရန် စံသတ်မှတ်ချက်များ အကောင်အထည်ဖော်ခြင်းနှင့်ကြပ်မတ်ခြင်း၊နှင့် AAPI မရှိမဖြစ်လုပ်သားများ၏လစာငွေများတိုးမြှင့်ခြင်းတို့ဖြင့် မရှိမဖြစ်အရေးပါသောဝန်ဆောင်မှုများပေး၍ ကာကွယ်စောင့်ရှောက်ပေးပါလိမ့်မည်။ Joe သည် ဝန်ထမ်း 50 နှင့်အောက် ရှိသာ အသေးစားလုပ်ငန်းများအတွက် လုပ်ခလစာကာကွယ်ရေးပရိုဂရမ်သစ်ရန်ပုံငွေအားလုံး၏ ထက်ဝက်ကို ဖယ်ထားပေးခြင်း၊ လုပ်သားများကို လစာငွေဆက်လက်ရရှိစေရန် နှင့် ပုံသေကုန်ကျစရိတ်များကို ကာမိစေရန် အသေးစားလုပ်ငန်းများအား ပိုမိုရက်ရောသည့်ချေးငွေများခွင့်ပြုပေးရန် နှင့် အရည်အသွေးပြည့်မီသည့် AAPI အသေးစားလုပ်ငန်းတိုင်း သက်သာချောင်ချိမှုရရှိစေမည့် အာမခံချက်ပေးရန်လည်း လုပ်ဆောင်ပါလိမ့်မည်။ ထို့ပြင် သူသည် ပရိုဂရမ်က လူ့အဖွဲ့အစည်းများ၊ လူနည်းစုပိုင်နှင့် အမျိုးသမီးပိုင်လုပ်ငန်းများ သို့မဟုတ် အသေးဆုံးလုပ်ငန်းငယ်များကို ဖယ်ထုတ်မထားကြောင်းသေချာစေရန် ချေးငွေရရှိသည့် အသေးစားလုပ်ငန်းများကိုပြသရန် အပတ်စဉ်သင်ပုန်းတစ်ခု ထုတ်လုပ်မည်ဖြစ်သည်။ ပိုမိုအားကောင်းသော၊ပိုမိုဘေးကင်းသော၊ ပိုမိုထိရောက်သော ပြန်လည်ဖွင့်လှစ်မှုအတွက် Joe၏ ရှစ်ချက် စီမံချက်သည်  စားသုံးသူယုံကြည်မှုကိုပြန်လည်ရယူခြင်းနှင့်လူတိုင်းအတွက်အလုပ်ဖြစ်သည့်စီးပွားရေးအတွက်အုတ်မြစ်ချမှတ်ခြင်းအတွင်း အမေရိကန်နိုင်ငံသားများ အထူးသဖြင့် အန္တရာယ်များနေသူများကို ကျွန်ုပ်တို့ကာကွယ်ပေးနိုင်ကြောင်း သေချာစေသည်။ 

COVID-19 ဖြစ်ပွားသည့်အချိန်ကတည်းက အာရှအမေရိကန်လူ့အဖွဲ့အစည်းကို အမုန်းတရားနှင့် ပစ်မှတ်ထားခံရသည့်အဖြစ်များ ပိုမိုကြားလာရသည်။ ထိုလူမျိုးရေးလုပ်ဆောင်မှုများ ရပ်တန့်သွားရမည်။ ၎င်းတို့သည် အန္တရာယ်များလွန်း၍ ဥပက္ခာပြုရလောက်အောင် အကျည်းတန်သည့် စိတ်ဆန္ဒတွင် အခြေတည်သည်။ ၎င်းတို့သည် နိုင်ငံတစ်ခုအဖြစ် ကျွန်ုပ်တို့ဖြစ်မနေသင့်သူများဖြစ်သည်။ မိမိ၏အသွင်သဏ္ဍာန်၊ ဆင်းသက်လာသည့် ဘိုးဘေးမျိုးရိုး သို့မဟုတ် မိမိမည်သူမည်ဝါတို့အတွက် မည်သူမှ ပစ်မှတ်ထားခံရခြင်းမျိုး မရှိသင့်ပါ။ Joe သည် အာရှအမေရိကန်များကို ပစ်မှတ်ထားသည့် လူမျိုးရေးကိစ္စရပ်များ အများအပြားဖြစ်လာခြင်းအပါအဝင် ဤကပ်ဘေး၏ သက်ရောက်မှုတိုင်းကို အမြန်ဆုံးနှင့် အလေးနက်ဆုံး ဖြေရှင်းရန် ကျွန်ုပ်တို့လိုအပ်နေသည့် ခေါင်းဆောင်မှုကို ပေးပါလိမ့်မည်။ 

 

 

AAPI အသံများကို မြှင့်တင်၍ အစိုးရအဖွဲ့အတွင်း AAPI ကိုယ်စားပြုမှုကို တိုးမြှင့်ပါ။ Obama-Biden အစိုးရအဖွဲ့သည် အကြီးတန်းအရာရှိရာထူးနေရာများတွင် AAPI ခန့်အပ်မှုကို စုပေါင်း၍အားပေးခဲ့သည့် ယခင်အစိုးရအဖွဲ့များအားလုံးထက် AAPI တရားသူကြီးများကို ပိုမိုခန့်အပ်ခဲ့သည်။ Joe သည် AAPI အဖွဲ့ဝင်များအပါအဝင် ကျန်ရှိသည့် အမေရိကဖြစ်ပုံပေါ်သည့် ဗဟိုအစိုးရအရာရှိများနှင့် တရားသူကြီးများကို အမည်တင်သွင်း၍ ခန့်အပ်မည်ဖြစ်သည်။ သူသည် ဗဟိုဌာနများက ဗဟိုရေးရာပရိုဂရမ်များရေးဆွဲရာနှင့် အကောင်အထည်ဖော်ရာတွင် AAPI လူ့အဖွဲ့အစည်းကို ထည့်သွင်းစဉ်းစားကြောင်းနှင့် AAPI လူ့အဖွဲ့အစည်းခေါင်းဆောင်များသည် Biden အစိုးရအတွင်း ပြောဆိုခွင့်ရှိကြောင်း သေချာစေရန် AAPI ဆိုင်ရာ Obama-Biden အစိုးရ၏စီမံချက်နှင့် AAPI ဆိုင်ရာ သမ္မတ၏အကြံပေးကော်မရှင်တွင် တည်ဆောက်မည်ဖြစ်သည်။ သူသည် မူဝါဒများကြောင့်သက်ရောက်မှုခံစားရသည့်လူ့အဖွဲ့အစည်းများသည် ဆုံးဖြတ်ချက်ချမှတ်သည့်လုပ်ငန်းစဉ်တွင် မရှိမဖြစ်အရေးပါသည့်အစိတ်အပိုင်းဖြစ်ကြောင်း သေချာစေရန် အဓိကအရေးပါသူများကို စားပွဲဝိုင်းဆီသို့ ခေါ်ဆောင်လာနိုင်မည့်နည်းလမ်းကိုလည်း သိရှိသည်။ သူသည် Obama-Biden အစိုးရအဖွဲ့မှဖွဲ့စည်းခဲ့သည့် ပစိဖိတ်အထူးတပ်ဖွဲ့ကို အားဖြည့်ခြင်းဖြင့် ဟာဝိုင်အီနှင့်ပစိဖိတ်ကျွန်းသားများ(NHPI) လူ့အဖွဲ့အစည်းနှင့်အလားတူ လုပ်ဆောင်မည်ဖြစ်သည်။  

 

 

တတ်နိုင်စွမ်းသောကုသစောင့်ရှောက်မှုတွင် ကာကွယ်၍ တည်ဆောက်ပါ. AAPI အများစုသည် ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိနိုင်စွမ်း လျော့နည်းစေသည့် ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာအခက်အခဲများ ရင်ဆိုင်ရတတ်သည်။ တတ်နိုင်စွမ်း၍ အရည်အသွေးမီသောကျန်းမာရေးစောင့်ရှောက်မှုကို အမေရိကန်နိုင်ငံသားတိုင်း ရရှိသင့်သည်ဟု Joe ကယုံကြည်ထားပြီး လူအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကာကွယ်စောင့်ရှောက်ခြင်းများကို သူက ကာကွယ်ပေးမည်ဖြစ်သည်။ သူသည် Medicare ကဲ့သို့ အများပြည်သူကျန်းမာရေးအာမခံတစ်ခု ဝယ်ယူနိုင်ရန် ရွေးချယ်မှုအသစ်တစ်ခုကို အမေရိကန်နိုင်ငံသားများအား ပေးပါလိမ့်မည်။ သူသည် ဆေးစာလိုသည့်ဆေးဝါးပူးပေါင်းမှုများဖြင့် အာဏာအလွဲသုံးစားမှုကို မှတ်ကျောက်တင်အစစ်ဆေးခံနိုင်မည့်သူဖြစ်သည်။ ထို့ပြင် သူသည် စိတ်ကျန်းမာရေးတန်းတူခံစားခွင့်ဆိုင်ရာဥပဒေများကြပ်မတ်ခြင်းသေချာစေရန်နှင့် စိတ်ကျန်းမာရေးဝန်ဆောင်မှုများအတွက် ရန်ပုံငွေတိုးချဲ့ရန် နှစ်ဆကြိုးပမ်းအားထုတ်မည်ဖြစ်သည်။ Joe သည် အလိုအပ်ဆုံး AAPI လူဦးရေများအတွက် အရည်အသွေးမြင့်ကျန်းမာရေးစောင့်ရှောက်မှုများရရှိခွင့်ကို တိုးချဲ့ရင်း လူ့အဖွဲ့အစည်းကျန်းမာရေးစင်တာများအတွင်း ဗဟိုအစိုးရရင်းနှီးမြှုပ်နှံမှုကိုလည်း နှစ်ဆတိုးမည်ဖြစ်သည်။ သူသည်လူနာ၏ဆရာဝန်များအားလုံးနှင့်ပူးပေါင်းဆောင်ရွက်၍ ကျန်းမာရေး၏လူမှုရေးဆုံးဖြတ်ပေးသည့်အရာများကိုဖြေရှင်းခြင်းဖြင့် နာတာရှည်ရောဂါရှိသည့် AAPI လူနာများအတွက် ကုသစောင့်ရှောက်မှုကို မြှင့်တင်မည်ဖြစ်သည်။ ထို့ပြင် Joe သည် သားဆက်ခြားခြင်းနှင့် ဖွဲ့စည်းပုံအရ ရွေးချယ်ပိုင်ခွင့်ကာကွယ်စောင့်ရှောက်ခြင်းတို့အပါအဝင် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခွင့်ကိုလည်း တိုးချဲ့မည်ဖြစ်သည်။ 

 

 

ကျွန်ုပ်တို့၏ကျောင်းသားများနှင့်ဆရာများတွင် ရင်းနှီးမြှုပ်နှံပါ AAPI လူ့အဖွဲ့အစည်းအတွင်းရှိ မိဘများစွာသည် ၎င်းတို့၏ကလေးများ အောင်မြင်မှုရရှိရန်သေချာစေမည့် အရင်းအမြစ်များနှင့် ထောက်ပံ့မှုကို မရရှိကြပါ။ Joe သည် ၎င်းတို့၏နေထိုင်ရာစာတိုက်ကုဒ်၊ မိဘများ၏ဝင်ငွေ၊ လူမျိုး သို့မဟုတ် မသန်စွမ်းမှုတို့ကို ထည့်မတွေးဘဲ အနာဂတ်၏စီးပွားရေးတွင် အောင်မြင်နိုင်ရန် ပြင်ဆင်နိုင်စေရန်အတွက် မွေးစမှ 12th တန်းအတွင်း ကလေးအားလုံးတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ Joe သည် အသက်သုံးနှစ်နှင့်လေးနှစ်အရွယ်ကလေးအားလုံးအတွက် အရည်အသွေးမြင့်သော ကမ္ဘာလုံးဆိုင်ရာမူကြိုပညာရေးကိုသမ္မတအဖြစ်နှင့် ထောက်ပံ့ပေးမည်ဖြစ်သည်။ သူသည် ဝင်ငွေနည်းပါးသည့်မိသားစုများမှ ကလေးများစွာကို ဝန်ဆောင်မှုပေးမည့်စာသင်ကျောင်းများထံသို့ ရောက်ရှိမည့် Title I ရန်ပုံငွေကို သုံးဆမြှင့်မည်ဖြစ်သည်။  Title I ကျောင်းများရှိဆရာများအား လစာကောင်းကောင်းပေးထားကြောင်း၊ သုံးနှစ်နှင့်လေးနှစ်အရွယ်ကလေးများ မူကြိုတက်ရောက်ခွင့်ရရှိကြောင်းနှင့် ၎င်းတို့ကျောင်းများအားလုံးတွင် တက်ကြွသောသင်ကြားမှုများအာ ခရိုင်များမှ ထောက်ပံ့ပေးကြောင်းသေချာစေရန် ဤရန်ပုံငွေအသစ်ကို အရင်ဆုံးအသုံးပြုမည်ဖြစ်သည်။ သူသည် အရည်အချင်းမီစာသင်ကျောင်းများကိုမရရှိသည့် AAPI လူ့အဖွဲ့အစည်း၊ အသားအရောင်ကွဲသည့်အခြားလူ့အဖွဲ့အစည်းများနှင့် ဝင်ငွေနည်းပါးသောလူ့အဖွဲ့အစည်းများအတွင်းရှိနိုင်ငံများတွင် အကောင်းဆုံး၊ ခေတ်အမီဆုံးကျောင်းများတည်ဆောက်မည်၊ အဖွဲ့အစည်း၏စာသင်ကျောင်းမော်ဒယ်ကို တိုးချဲ့၍ လိုအပ်ချက်ရှိသည့်ကျောင်းသားများနှင့်မိဘများကို အစိုးရကျောင်းများသို့ ခေါ်ဆောင်လာမည်၊ ကျွန်ုပ်တို့၏ကျောင်းများတွင် စိတ်ကျန်းမာရေးပညာရှင်များအရေအတွက်ကိုနှစ်ဆတိုး၍ AAPI ကျောင်းသားများကို ဗိုလ်ကျအနိုင်ကျင့်ခံရခြင်းမှကာကွယ်ပေးမည်။ သူသည် ဆရာများစုဆောင်းရန်နှင့် ကြိုတင်ဲပြင်ဆင်ရန် အာရှအမေရိကန်နှင့် အမေရိကန်ပစိဖိတ်ကျွန်းသားဝန်ဆောင်မှုပေးသည့်အင်စတီကျုများ(AANAPISIs)အပါအဝင်အသားအရောင်ကွဲသည့်ဆရာများကိုစုဆောင်းခြင်းနှင့်လူနည်းစုဝန်ဆောင်မှုပေးသည့်အင်စတီကျုများနှင့်အတူအလုပ်လုပ်ခြင်းသို့ပိုမိုဆန်းသစ်သောနည်းလမ်းများထောက်ပံ့ခြင်းဖြင့်ဆရာများကွဲပြားခြားနားမှုကိုပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။   

 

 

အထက်တန်းကျောင်းအလွန်ပညာရေးကိုထောက်ပံ့ပေးပါ။ Joe သည် မိသားစုဝင်ငွေ $125,000 အောက် ရှိသည့် AAPI ကျောင်းသားများအားလုံးအတွက်အစိုးရကောလိပ်များနှင့်တက္ကသိုလ်များကျောင်းလခကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။  သူသည် ပြောင်းလဲနေသောအလုပ်သဘောသဘာဝနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် အလုပ်ကြိုးစားသည့် AAPI အဖွဲ့အစည်းဝင်မည်သူ့ကိုမဆို ၎င်းတို့၏အရည်အချင်းများကိုမြှင့်တင်ရန်နှင့် လေ့လာသင်ယူနိုင်စေရန်အတွက် အဖွဲ့အစည်းကောလိပ်သို့မဟုတ် အခြားအရည်အသွေးမြင့်သင်တန်းပရိုဂရမ်ကို ကြွေးမြီမတင်ဘဲ နှစ်နှစ်တက်ရောက်နိုင်ရန်လည်း ထောက်ပံ့ပေးမည်ဖြစ်သည်။ သူသည် Pell ထောက်ပံ့ကြေး၏အမြင့်ဆုံးတန်ဖိုးကို နှစ်ဆမြှင့်မည်ဖြစ်ပြီး ပရိုဂရမ်တွင်ပါဝင်နိုင်သည့် လူလတ်တန်းစား AAPI အရေအတွက်ကို တိုးမြှင့်ကာ Pell အတွက် အရည်အချင်းပြည့်မီပြီးသားသူများအတွက် ထောက်ပံ့ကြေးတန်ဖိုးကို တိုးမြှင့်မည်ဖြစ်သည်။ ထို့ပြင် သူသည် ယနေ့၏ဝင်ငွေအခြေပြုပြန်လည်ပေးချေမှုပရိုဂရမ်မှ ပေးကမ်းမှုကိုလွယ်ကူစေပြီး မြှင့်တင်ခြင်းဖြင့် ဘွဲ့ကြိုကျောင်းသားများတွင် ပေးချေမှုကိုထက်ဝက်လျှော့ချမည်ဖြစ်သည်။ ထို့ပြင် သူသည် လူနည်းစုဝန်ဆောင်မှုပေးသည့်ပုဂ္ဂလိကအင်စတီကျုများပါဝင်မည့် $125,000 အထိ ဝင်ငွေရှိသည့် ကြွေးမြီရှိသူများအတွက် နှစ်နှစ်နှင့်လေးနှစ် အစိုးရကောလိပ်များမှ ဘွဲ့ကြိုကျောင်းလခနှင့်သက်ဆိုင်သော ကျောင်းသားကြွေးမြီများအားလုံးကို လျှော်ပစ်မည်ဖြစ်သည်။ Joe သည် AANAPISI အပါအဝင် လူနည်းစုဝန်ဆောင်မှုပေးသည့်အင်စတီကျုများမှ ရင်ဆိုင်နေရသည့် ရန်ပုံငွေကွာဟချက်များကို ပြုပြင်ရန်လည်း အဆင့်ဆင့်လုပ်ဆောင်မည်ဖြစ်သည်၊ သို့မှသာ အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏ကိုယ်ပိုင်အားသာချက်များမှ အကျိုးရရှိနိုင်မည်ဖြစ်သည်။ 

 

 

အမုန်းတရားရာဇဝတ်မှုများတွင် တန်ပြန်ဖြေရှင်းမှုတိုးမြှင့်ပါ ကုန်စုံဆိုင်များမှသည် ၎င်းတို့လူ့အဖွဲ့အစည်းအတွင်းရှိ အလုပ်နေရာများအထိ ဆစ်ခ်၊ ဟိန္ဒူ၊နှင့် မွတ်စလင်ဘာသာဝင် အမေရိကန်များအပါအဝင် AAPI များစွာသည် Trump ၏ အန္တရာယ်များသောပြောဆိုမှုများနှင့် အမုန်းတရားလေပင့်မှုများကြောင့် ပိုမိုဆိုးရွားလာသော ခွဲခြားဆက်ဆံမှုများနှင့် အမုန်းတရားတို့ကို ဆက်တိုက်ရင်ဆိုင်နေရသည်။ လူတချို့၏အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို အမုန်းတရားကြောင့် ခြိမ်းခြောက်လာသောအခါ ကျွန်ုပ်တို့အားလုံးကို ခြိမ်းခြောက်လာခြင်းပင်ဖြစ်သည်။ Obama-Biden အစိုးရက တရားရေးဌာန၏ အမုန်းတရားရာဇဝတ်မှုတင်ပြသည့်အမျိုးအစားကဏ္ဍများအတွင်း “Anti-Sikh” နှင့် “Anti-Hindu” တို့ကို ပေါင်းထည့်ခဲ့သည်။ အစိုးရသည် AAPI လူ့အဖွဲ့အစည်းတွင် ဦးတည်ပစ်မှတ်ထား၍ ဗိုလ်ကျအနိုင်ကျင့်ခြင်းကို တိုက်ဖျက်ရန် အရင်းအမြစ်များထောက်ပံ့၍ ဒေသတွင်းခေါင်းဆောင်များနှင့်အတူလုပ်ဆောင်ခဲ့သည်။ Joe သည် ဤနိုင်ငံတွင် အမုန်းတရားအတွက် ဆိတ်ကွယ်ရာမရှိကြောင်း သေချာရှင်းလင်းအောင် လုပ်ဆောင်လိမ့်မည်။ ထို့ပြင် သူ၏တရားရေးဌာနသည် အမုန်းတရားရာဇဝတ်မှုများကို စွဲချက်တင်ခြင်းကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်သည်။   

 

 

သေနတ်ကိုင်ဆောင်အကြမ်းဖက်မှုကပ်ဘေး အဆုံးသတ်ပါ။  Joe သည် နိုင်ငံတော်အဆင့်တွင် အမျိုးသားရိုင်ဖယ်အဖွဲ့အစည်း (NRA)တွင် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်အနိုင်ရရှိခဲ့သည်။ သူသည် သမ္မတအဖြစ်နှင့် NRA တွင် ထပ်မံအနိုင်ရပါလိမ့်မည်။Joeသည်ဖွဲ့စည်းပုံအခြေခံဥပဒေအရလူတိုင်းနားလည်နိုင်သည့်သေနတ်ကိုင်ဆောင်မှုဘေးကင်းလုံခြုံရေးမူဝါဒများကို ဖော်ဆောင်သွားမည်ဖြစ်သည်။ သူသည် သေနတ်ထုတ်လုပ်သူများကို တာဝန်ခံစေခြင်း၊ မောင်းပြန်သေနတ်များနှင့်လက်နက်မဂ္ဂဇင်းများထုတ်လုပ်မှုနှင့်ရောင်းချမှုကိုတားမြစ်ခြင်းအပါအဝင်ကျွန်ုပ်တို့၏လမ်းများပေါ်လက်နက်ကိုင်ဆောင်တိုက်ခိုက်မှုကင်းစင်စေခြင်းနှင့်ဗဟိုအစိုးရနောက်ခံစစ်ဆေးမှုစနစ်အတွင်းသေနတ်ရောင်းချမှုအားလုံးကို နောက်ခံစစ်ဆေးစေခြင်းနှင့် ကယ်ပေါက်များပိတ်စေခြင်းအပါအဝင် သေနတ်များကို အန္တရာယ်ရှိသည့်သူများလက်တွင်းမရောက်စေရန် တားဆီးခြင်းဖြင့် ကျွန်ုပ်တို့၏မိသားစုများ၊ ကျောင်းများနှင့် လူ့အဖွဲ့အစည်းများကို ကာကွယ်ပေးလိမ့်မည်။

 

ကျွန်ုပ်တို့၏ကမ္ဘာကို ရာသီဥတုဘေးမှ ကာကွယ်ပါ ရာသီဥတုပြဿနာသည် AAPI လူ့အဖွဲ့အစည်းများ အထူးသဖြင့် NHPI လူ့အဖွဲ့အစည်းကို ဆက်လက်ခြိမ်းခြောက်လာသည်။ အချို့သောကျွန်းများသည် ချက်ချင်းလှုပ်ရှားလုပ်ဆောင်မှုမရှိပါက 2030 ခုနှစ်တွင် သက်ရှိများနေထိုင်၍မရနိုင်တော့လောက်ပါ။ ထို့ပြင် AAPI ၏ရာခိုင်နှုန်းအများဆုံးပြည်နယ်နှစ်ခုဖြစ်သည့် ဟာဝိုင်အီနှင့်ကယ်လီဖိုးနီးယားတို့သည် ရာသီဥတုပြောင်းလဲမှုမှ အန္တရာယ်များကို ခံစားရလွယ်နေဆဲဖြစ်သည်။ Joe သည် ရာသီဥတုပြောင်းလဲမှု၏ပြဿနာကြီးမားမှုနှင့် ၎င်းကိုဖြေရှင်းရန် ကျွန်ုပ်တွင် ကျင့်ဝတ်ပိုင်းနှင့် စီးပွားရေးဆိုင်ရာအရေးပါသောအရာတစ်ခု ရှိနေကြောင်းကို ကာလတာရှည်သိရှိနားလည်ထားပြီးဖြစ်သည်။ Joe ၏အစီအစဉ်သည် ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းများကိုကာကွယ်ရန် ရာသီဥတုပြောင်းလဲမှုနှင့် ညစ်ညမ်းမှုများကို ကိုင်တွယ်ဖြေရှင်းပါလိမ့်မည်။ သူသည် ပဲရစ်သဘောတူညီချက်ကို အရင်ဆုံးပြန်လည်ပါဝင်မည်ဖြစ်ပြီး ထို့နောက် ၎င်းတို့၏ရာသီဥတုဆိုင်ရာကတိကဝတ်များကို လောင်းကြေးထပ်ရန် ကျန်ရှိသည့်ကမ္ဘာတလွှားကို စုဝေးမည်ဖြစ်သည်။ အမိနိုင်ငံတွင် သူသည် ရာသီဥတုပြောင်းလဲမှုနှင့်ညစ်ညမ်းမှုများကြောင့် ထိခိုက်ခဲ့ရသည့်လူ့အဖွဲ့အစည်းများသည် သူ၏သန့်ရှင်းသောစီးပွားရေးပြုပြင်ပြောင်းလဲမှုမှ အရင်ဆုံးအကျိုးခံစားခွင့်ရရှိမည့်သူများဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် 2050 ခုနှစ်ထက်နောက်မကျဘဲ သန့်ရှင်းသောစွမ်းအင်စီးပွားရေးကို 100 ရာခိုင်နှုန်းအောင်မြင်နိုင်ရန်နှင့် စုစုပေါင်းထုတ်လွှတ်မှုသုံညအဆင့်သို့ရောက်ရှိနိုင်ရန် သူက တွန်းအားပေးမည်ဖြစ်သည်။ Joe ၏အစီအစဉ်သည် အမေရိကန်ပြည်ထောင်စုအတွင်း လစာကောင်းသည့်အလုပ်အကိုင် 10 သန်းကို ဖန်တီးပေးမည်ဖြစ်ပြီး ပတ်ဝန်းကျင်းညစ်ညမ်းစေသူများကို တာဝန်ခံစေမည်ဖြစ်သည်။ သူသည် AAPI အဖွဲ့ဝင်နိုင် သန့်ရှင်းသောသောက်သုံးရေ၊ သန့်ရှင်းသောလေ၊နှင့် ညစ်ညမ်းမှုကင်းစင်သောပတ်ဝန်းကျင် ရရှိစေရေး ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်သည်။ ထို့ပြင် အခြေခံအဆောက်အုံပြန်လည်တည်ဆောက်ရေးအတွက်ကုန်ကျမည့်ငွေတိုင်းကို ရာသီဥတုပြောင်းလဲမှု ကြိုတင်ကာကွယ်ရန်၊ လျှော့ချရန်နှင့် ရင်ဆိုင်ရန်အသုံးပြုမည်ဖြစ်သည်။ 

 

 

ရွှေ့ပြောင်းနေထိုင်သူများနိုင်ငံအဖြစ် ကျွန်ုပ်တို့၏တန်ဖိုးများကိုခိုင်မာစေပါ Donald Trump သည် ရွှေ့ပြောင်းနေထိုင်သူများနိုင်ငံတစ်ခုအဖြစ် ကျွန်ုပ်တို့၏တန်ဖိုးများနှင့်ကျွန်ုပ်တို့သမိုင်းကို သက်ညှာမှုမရှိသည့်စော်ကားမှု ဖြစ်စေခဲ့သည်။ ၎င်းသည်မှားယွင်းသည့်လုပ်ရပ်ဖြစ်သလို Joe သာ သမ္မတဖြစ်လာလျှင် တားဆီးနိုင်မည်ဖြစ်သည်။ Joe သည် ကျွန်ုပ်တို့နယ်စပ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းနှင့် ဖရိုဖရဲအခြေအနေဖြစ်စေသည့် Trump ၏ “မွတ်စလင်တားမြစ်ချက်”ကိုအရင်ဆုံးပယ်ဖျက်မည်ဖြစ်ပြီး ထိခိုက်နစ်နာစေသောခိုလှုံခွင့်ဆိုင်ရာမူဝါဒများကို ပြန်လှန်ပြောင်းလဲပစ်မည်ဖြစ်သည်။ Joe သည် အာရှမှ လူဦးရေ 1.7 သန်းအပါအဝင် အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူ 11 သန်းနီးပါးအတွက် နိုင်ငံသားဖြစ်ခွင့်ရရှိစေရန် လမ်းပြမြေပုံထောက်ပံ့ခြင်းဖြင့် မိသားစုများကိုအတူတကွဦးစားပေးခြင်းနှင့်အတူ ကျွန်ုပ်တို့၏စနစ်ကို အဆင့်မြှင့်တင်ပေးနိုင်သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေပြုပြင်ပြောင်းလဲမှုကို ခွင့်ပြုရန် ကွန်ဂရက်နှင့်အတူ ချက်ချင်းစတင်လုပ်ဆောင်မ ည်ဖြစ်သည်။ 

သူသည် မိသားစုအခြေပြုရွှေ့ပြောင်းနေထိုင်ခြင်းကို ထောက်ပံ့မည်ဖြစ်ပြီး မိသားစုဗီဇာအလုပ်ကြွေးကို လျော့စေခြင်းအပါအဝင် ကျွန်ုပ်တို့၏လူဝင်မှုကြီးကြပ်ရေး၏ပင်မစည်းမျဉ်းတစ်ခုအဖြစ် မိသားစုပေါင်းစည်းရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်သည်။ သူသည် မက်ခရိုစီးပွားရေးအခြေအနေများတွင်အခြေခံသည့် အလုပ်အခြေပြု အမြဲတမ်းနေထိုင်ခွင့်နှင့် STEM နယ်ပယ်များတွင် PhD ပရိုဂရမ်များ၏မည်သည့်ဘွဲ့ယူခြင်းမှမဆိုကင်းလွတ်ခွင့်အတွက် ဗီဇာအရေအတွက်ကို တိုးမြှင့်မည်ဖြစ်သည်။ ထို့ပြင် သူသည် အရည်အချင်းမြင့်၊ အထူးလုပ်သားများအတွက် လစာများကာကွယ်ရန် ယာယီဗီဇာစနစ်ကို အရင်ဆုံးပြုပြင်ပြောင်းလဲမှုကိုထောက်ပံ့မည်ဖြစ်ပြီး ပေးမည့်ဗီဇာအရေအတွက်ကိုတိုးချဲ့ခြင်းနှင့် နိုင်ငံအလိုက် အလုပ်အကိုင်အခြေပြုဗီဇာများတွင် ကန့်သတ်ချက်များဖယ်ရှားခြင်းတို့ကိုလုပ်ဆောင်မည်ဖြစ်သည်။ သူသည် အစိမ်းရောင်ကတ်ကိုင်ဆောင်သူများအတွက် နိုင်ငံသားဖြစ်ခွင့်လုပ်ငန်းစဉ်ကို ပြန်လည်ထိန်းသိမ်းပြီး ကာကွယ်မည်ဖြစ်သည်။ ထို့ပြင် သူသည် နှစ်စဉ်စုစုပေါင်းကမ္ဘာ့ဒုက္ခသည်ဝင်ရောက်မှုလျာထားချက်ကို 125,000 အထိ သတ်မှတ်ခြင်းဖြင့် ဤနိုင်ငံသို့ ကျွန်ုပ်တို့ကြိုဆိုသည့်ဒုက္ခသည်အရေအတွက်ကို တိုးမြှင့်၍ ကျွန်ုပ်တို့၏တာဝန်ခံမှု၊ ကျွန်ုပ်တို့၏တန်ဖိုးများနှင့် မကြုံဖူးသည့် ကမ္ဘာ့လိုအပ်ချက်နှင့်အညီ အချိန်နှင့်တပြေးညီအချိုးညီမျှစေရန် မြှင့်တင်မည်ဖြစ်သည်။  သူသည် နှစ်စဉ် အနည်းဆုံး ဒုက္ခသည်အရေအတွက် 95,000 ဝင်ရောက်မှုကိုတည်ဆောက်ရန်လည်း ကွန်ဂရက်နှင့်လုပ်ဆောင်မည်ဖြစ်သည်။ Joe သည် DACA ပရိုဂရမ်ကို ပြန်လည်အသက်သွင်းခြင်းဖြင့် Dreamers များအတွက် မရေရာမှုများကိုဖယ်ရှားပေးမည်ဖြစ်ပြီး မိသားစုများကိုလူသားမဆန်သည့်ခွဲခြားထားခြင်းများမရှိစေရေးကာကွယ်ပေးရန်ဥပဒေကြောင်းအရရွေးချယ်စရာများအားလုံးကို ရှာဖွေပေးမည်ဖြစ်သည်။ သမ္မတအဖြစ်နှင့် Joe သည် အလုပ်ခွင်သို့ဝင်ရောက်စီးနင်းခြင်းများကို အဆုံးသတ်စေပြီး အခြားသောထိခိုက်လွယ်သည့်နေရာများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအရေးယူလုပ်ဆောင်ချက်များမှ ကာကွယ်ပေးမည်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကြပ်မတ်အရေးယူမှုကိုကြောက်လန့်၍ ကျန်းမာရေးစောင့်ရှောက်မှုတောင်းခံရန် သို့မဟုတ် ကျောင်းတက်ရောက်ရန်၊ အလုပ်တက်ရန် သို့မဟုတ် ဝတ်ပြုမှုနေရာသို့သွားရောက်ရန် မည်သူမှ စိုးထိတ်မနေရသင့်ပါ။ 

 

 

AAPI လူ့အဖွဲ့အစည်းများအတွင်း စွန့်ဦးတီထွင်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုကို အရောင်တင်ပေးပါ နိုင်ငံအနှံ့တွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အခွင့်အလမ်းများကိုဖြစ်စေသည့် အမေရိကန်ပြည်ထောင်စုအတွင်း AAPI ပိုင်ဆိုင်သည့်လုပ်ငန်းများ နှစ်သန်းနီးပါးရှိသည်။ သို့သော် ထိုလုပ်ငန်းအများစုသည် AAPIလူ့အဖွဲ့အစည်းများအတွက် အသေးစားလုပ်ငန်းဖွံ့ဖြိုးမှုကို ရှုပ်ထွေးစေသည့် ရန်ပုံငွေနှင့် ဘာသာစကားအခက်အခဲများသို့ ရရှိခွင့်ကဲ့သို့ ပြဿနာရပ်များနှင့် ရုန်းကုန်နေရတတ်သည်။ 2010 ခုနှစ်တွင် Obama-Biden အစိုးရက အသေးစားစီးပွားရေးလုပ်ငန်းများကိုထောက်ပံ့ပေးရန် နိုင်ငံ့အသေးစားလုပ်ငန်းကြွေးမြီဆိုင်ရာစီမံချက်(SSBCI) ကို ဖန်တီးခဲ့သည်။ ပရိုဂရမ်သည် နိုင်ငံ့အသေးစားစီးပွားရေးလုပ်ငန်းများအားငွေချေးသည့်စီမံချက်သို့ ရန်ပုံငွေလွှဲပြောင်းပေးခဲ့ပြီး SSBCI ရန်ပုံငွေအတွင်း ဒေါ်လာ 1 ဘီလျံတိုင်းအတွက် ချေးငွေအသစ် ဒေါ်လာ 10 ဘီလျံဖြစ်စေခဲ့သည်။ Joe သည် 2025 ခုနှစ်ထိ ပရိုဂရမ်ကို သက်တမ်းတိုးမည်ဖြစ်ပြီး ၎င်း၏ဗဟိုရန်ပုံငွေကို ဒေါ်လာ 3 ဘီလျံအထိ နှစ်ဆတိုးမည်ဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးများနှင့် အသားအရောင်ကွဲပြားသူများပိုင်ဆိုင်သည့် အသေးစားလုပ်ငန်းများထံသို့ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများကို ဒေါ်လာ 30 ဘီလျံထိ နီးကပ်စေမည်ဖြစ်သည်။ Joe သည် လူနည်းစုစီးပွားရေးဖွံ့ဖြိုးမှုအေဂျင်စီဘက်ဂျတ်အတွက် ရန်ပုံငွေကိုလည်း တိုးမြှင့်မည်ဖြစ်သည်။ ထို့ပြင် သူသည် ကျွန်ုပ်တို့၏အကြီးဆုံးမြို့များ၏ပြင်ပရှိ စတင်ကာစလုပ်ငန်းသစ်များအတွက် ပြည်နယ်များသို့ ရန်ပုံငွေ ဒေါ်လာ 5 ဘီလျံထောက်ပံ့ရန် အမြင့်စားထောက်ပံ့ကြေးပရိုဂရမ်တစ်ခုကို တည်ဆောက်မည်။    

 

 

AAPI လူအဖွဲ့အစည်းများအတွက် ဘာသာစကားအခက်အခဲများ ဖယ်ရှားပါ အရေးကြီးသည့်ဝန်ဆောင်မှုများနှင့်အရင်းအမြစ်များသို့ ဘာသာစကားအခက်အခဲများသည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အကန့်အသတ်ရှိနေသည့် AAPI များကို ၎င်းတို့၏အလားအလာနှင့် American Dream ကို အမှန်တကယ်ဖြစ်မလာစေရန် ဟန့်တားနေနိုင်သည်။ Joe သည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အကန့်အသတ်ရှိနေသည့် AAPI အဖွဲ့ဝင်များသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြားအစိုးရဝန်ဆောင်မှုများကို ရရှိကြောင်းသေချာစေမည့် Obama-Biden အစိုးရ၏အလုပ်တွင် တည်ဆောက်မည်ဖြစ်သည်။ ဥပမာ အစိုးရအဖွဲ့သည် ထိုအဖွဲ့ဝင်များက တတ်နိုင်စွမ်းသောကုသစောင့်ရှောက်မှုဆိုင်ရာအက်ဥပဒေ၏ အကျိုးခံစားခွင့်များနှင့် အကျုံးဝင်မှုကို ရရှိနိုင်ခဲ့ကြောင်းသေချာစေရန် တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ မွန်၊ ခမာနှင့် လာအိုဘာသာဖြင့် ဗီဒီယိုများကို ထုတ်လုပ်ခဲ့သည်။ Joe သည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အကန့်အသတ်ရှိနေသည့်သူများအပါအဝင် AAPI အဖွဲ့ဝင်များနှင့် မိသားစုများအတွက် ဗဟိုပရိုဂရမ်များကို ရရှိခွင့်တိုးမြှင့်ပေးရန် နည်းလမ်းများရှာဖွေအတည်ပြုရေး ၎င်း၏ဌာနများကို ညွှန်ကြားလိမ့်မည်။ သူသည် နေထိုင်သူအားလုံးကို အလုပ်ကူညီရှာဖွေပေးရန်၊ အင်္ဂလိပ်ဘာသာလေ့လာရေးအခွင့်အရေးများနှင့်ဝန်ဆောင်မှုများရရှိနိုင်ရန်၊ နှင့် ကျောင်းစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် အခြားနေ့စဉ်ဘဝ၏အရေးကြီးသည်များကို လမ်းညွှန်ပေးရန် အိမ်နီးချင်းအရင်းအမြစ်စင်တာများ သို့မဟုတ် ကြိုဆိုရေးစင်တာများကိုလည်းဖန်တီးမည်ဖြစ်သည်၊။ ထို့ပြင် သူသည် အစိုးရကျောင်းအားလုံးတွင် ကလေးအားလုံးကို အလားအလာကောင်းများရောက်ရှိစေရေးကူညီပေးရန် လုံလောက်သည့် အင်္ဂလိပ်ဘာသာသင်ကြားလေ့လာရေးအထောက်အပံ့များရှိကြောင်း သေချာစေရန်လုပ်ဆောင်မည်ဖြစ်သည်။

 

 

မဲပေးနိုင်ခွင့် ခိုင်မာအောင်လုပ်ပါ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အကန့်အသတ်ရှိနေသည့် AAPI များ၏33 ရာခိုင်နှုန်းနီးပါးအတွက် မဲပေးခြင်းလုပ်ငန်းစဉ်မှတဆင့် လမ်းညွှန်ပြရန်အခက်အခဲသည် ကျွန်ုပ်တို့၏ဒီမိုကရေစီတန်ဖိုးများကို အပြည့်အဝအကောင်အထည်ဖော်ရန် အဓိကကျသည့်အခက်အခဲတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ဤအခက်အခဲသည် မဲပေးပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ၏အဆင်မပြေမှုနှင့်အတူ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် AAPI လူ့အဖွဲ့အစည်းအပါအဝင် အသားအရောင်ကွဲသည့်လူ့အဖွဲ့အစည်းများပါဝင်ခြင်းကို သိသိသာသာမှေးမှိန်စေနိုင်သည်။ Joe သည် အမေရိကန်၏ဆန္ဒမဲတစ်ခုစီတိုင်းကို ကာကွယ်ပေးထားကြောင်း အာမခံခြင်းဖြင့် ကျွန်ုပ်တို့၏ဒီမိုကရေစီကို ခိုင်မာအားကောင်းစေမည်ဖြစ်သည်။ သူသည် မဲပေးပိုင်ခွင့်ဆိုင်ရာအက်ဥပဒေကို ပြန်လည်ထိန်းသိမ်း၍ တရားရေးဌာနသည် မဲပေးခွင့်ကိုဖိနှိပ်သည့်နိုင်ငံဥပဒေများကို စိန်ခေါ်ရင်ဆိုင်ခြင်းဖြင့် စတင်လုပ်ဆောင်မည်။ သူသည် တစ်ဦးချင်း၏မဲပေးခွင့်ကို ပိုမိုလွယ်ကူစေရန် အလိုအလျောက်မဲဆန္ဒရှင်စာရင်းမှတ်ပုံတင်ခြင်း၊ တစ်ရက်တည်းတွင်မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း နှင့်အခြားလုပ်ဆောင်ချက်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။ သူသည် မဲဆန္ဒနယ်သတ်မှတ်ခြင်းကို အဆုံးသတ်ရန် ထောက်ပံ့အားပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ဒီမိုကရေစီကို အားနည်းစေပြီး ရွေးကောက်ပွဲအတွင်းဝင်ရောက်စွက် ဖက်ရန်ကြိုးစားလာမည့် ပြည်ပအင်အားစုများရန်မှ မဲရုံများနှင့်မဲဆန္ဒများကို ကာကွယ်မည်ဖြစ်သည်။

 

 

တန်းတူညီမျှကိုယ်စားပြုမှုကို ရရှိရန် အချက်အလက်များခွဲခြားပါ AAPI လူ့အဖွဲ့အစည်းတွင် အချက်အလက်များစုပေါင်းခြင်းသည် AAPI များ၏ကွဲပြားခြားနားမှုနှင့် လိုအပ်ချက်များကို အကျိုးမဲ့စေသောလုပ်ရပ်တစ်ခုဖြစ်သည်။ Obama-Biden အစိုးရအဖွဲ့သည် AAPI တွင် ဗဟိုအစိုးရအချက်အလက်များခွဲခြားခြင်းအတွက် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများကို ထုတ်ပေးခဲ့သည်။ Joe သည် ကွဲပြားခြားနားသော AAPI လူ့အဖွဲ့အစည်းများရင်ဆိုင်နေရသည့် စိန်ခေါ်မှုအမြောက်အမြားကို ၎င်း၏အစိုးရအဖွဲ့မှ သိရှိပြီး ဝန်ဆောင်မှုပေးနေကြောင်း သေချာစေရန် ဤအလုပ်ကို တည်ဆောက်လုပ်ဆောင်မည်ဖြစ်သည်။ 

 

 

ကျွန်ုပ်တို့၏ AAPI လူ့အဖွဲ့အစည်းသို့ အိမ်ရာမှတဆင့် ရင်းနှီးမြှုပ်နှံပါ သမ္မတအဖြစ်နှင့် Joe သည် AAPI လူ့အဖွဲ့အစည်းအတွင်းရှိ လူတိုင်းကို တတ်နိုင်စွမ်းသည့်၊ တည်ငြိမ်သည့်၊ ဘေးကင်း၍ ကျန်းမာသည့်၊ ရရှိခွင့်ရှိသည့်၊ စွမ်းအင်လုံလောက်၍ ဒဏ်ခံနိုင်သည့်၊ ကျောင်းကောင်းကောင်းနှင့်နီးသည့်၊ ၎င်းတို့အလုပ်နှင့် အသွားအပြန်အဆင်ပြေသည့်အိမ်ရာကိုရရှိနိုင်ရန် 10 နှစ်အတွင်း ဒေါ်လာ 640ဘီလျံရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ သူသည် ပြန်လည်ဖြည့်နိုင်သော၊ ကြိုတင်ထုတ်နိုင်သော အကောက်ခွန်ကြွေးမြီကို ဒေါ်လာ 15,000 အထိဖန်တီးခြင်းဖြင့် AAPI မိသားစုများအား ပထမဆုံးအိမ်ဝယ်နိုင်ပြီး ကြွယ်ဝမှုကိုတည်ဆောက်နိုင်စေရန် ကူညီပေးပြီး ဝင်ငွေနည်းသည့်မိသားစုများကို ကူညီရန်အိမ်ငှား၏အကောက်ခွန်ကြွေးမြီအသစ်ကို ဖန်တီးပေးမည်ဖြစ်သည်။ Joe သည် လူမျိုးရေးကွာဟချက်များကို နည်းစေမည့် အစိုးရရွေးချယ်စရာတစ်ခုဖြင့် စားသုံးသူများကိုထောက်ပံ့ရန် ဥပမာ ကြွေးမြီအမှတ်ပေးခြင်းအတွက်အသုံးပြုသည့်အယ်လ်ဂိုရီသမ်များက ခွဲခြားဆက်ဆံသည့်သက်ရောက်မှုမရှိကြောင်းသေချာစေခြင်းနှင့် ကြွေးမြီတည်ဆောက်ရန် ငှားရမ်းမှုမှတ်တမ်းနှင့်ရေမီးသုံးစွဲမှုဘီလ်များကဲ့သို့ ရှိနေကျမဟုတ်သော ဒေတာအရင်းအမြစ်များကိုလက်ခံခြင်းဖြင့် စားသုံးသူဘဏ္ဍာရေးကာကွယ်မှုဗျူရိုအတွင်း ပြည်သူ့ကြွေးမြီတင်ပြရေးဌာနသစ်တစ်ခု ဖန်တီးမည်ဖြစ်သည်။ သူသည် အိမ်ရှင်နှင့်အိမ်ငှားအခွင့်အရေးဆိုင်ရာဥပ‌ဒေမူကြမ်းသစ်အတွက် ပြဌာန်းခြင်း၊ အိမ်ငှားများနှင်ထုတ်ခံရခြင်းမှကာကွယ်ခြင်း၊ ကျွန်ုပ်တို့၏ဘဏ်များနှင့် ဘဏ်မဟုတ်သည့်ငွေရေးကြေးရေးဝန်ဆောင်မှုများက AAPI လူ့အဖွဲ့အစည်းများကိုဝန်ဆောင်ပေးနေကြောင်းသေချာစေရန် လူ့အဖွဲ့အစည်းပြန်လည်ရင်းနှီးမြှုပ်နှံရေးအက်ဥပဒေကို အားဖြည့်ခြင်းနှင့် တိုးချဲ့ခြင်း နှင့် Obama-Biden အစိုးရအဖွဲ့၏ Affirmatively Furthering Fair Housing Rule ကိုအကောင်အထည်ဖော်ခြင်းအပါအဝင် အိမ်ရာစျေးကွက်အတွင်းအခြားသောခွဲခြားဆက်ဆံခြင်းနှင့် မမျှတသည့်လုပ်ရပ်များနှင့် မျဉ်းနီစနစ်ကို အဆုံးသတ်မည်ဖြစ်သည်။ သူသည် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအတွင်း ရင်းနှီးမြှုပ်နှံရန်နှင့် တတ်နိုင်စွမ်းသောအိမ်ရာတည်ဆောက်ရန်နှင့် အဆင့်မြှင့်တင်ရန် Community Development Block Grant ကို ဆယ်နှစ်အတွင်း ဒေါ်လာ 10 ဘီလျံအထိ လိုက်လျောညီထွေရန်ပုံငွေတိုးချဲ့ခြင်းဖြင့် ဒေါ်လာ 100 ဘီလျံတန်ဖိုးရှိ တတ်နိုင်စွမ်းသောအိမ်ရာရန်ပုံငွေ ကို တည်ထောင်မည်ဖြစ်သည်။